Wednesday, October 13, 2010

သန်းခေါင်ယံသက်တံ့

(၁၉ ဇူလိုင်လ ၁၉၄၇)
ခန္ဓတွေအလဲလဲ အဲဒီနေ့ မှာပဲ
အလင်းရောင်ဟာ သန်းခေါင်ဖြစ်သွားလေရဲ့ ။
တို့ များနိုင်ငံတောင် တေးတေးတဲတဲလေး
သူတို့ ရဲ့  တိုးညှင်းသံသဲ့သဲ့က
မလဲစေနဲ့  ရှေ့ ဆက်....ရှေ့ ဆက်...
တို့ အလံကိုထူ ကျောပေါ်ကထမ်းပိုးကိုခါချ။

ကမ္ဘာကြီးသည် ငြိမ်သက်သွားသည်
သူတို့ ခမျာ သွေးပွက်တွေထဲ
တို့ များက မျက်ရည်မစဲ။

ဟေ့...ကြည့်လိုက်စမ်း....တယောက်ကအော်
သက်တံ့....သန်းခေါင်ယံသက်တံ့၊

လဲနေတဲ့ ခန္ဓာတွေထဲက အမှောင်ကိုအန်တုဖို့ 
သူတို့ ရဲ့  မွန်မြတ်စိတ်ထားတွေ
လင်းဖြာဝေနေပါကလား။
(အာဇာနည်မျာကို ဦးညွတ်လျှက်.....)

မိုးဟိန်း