Saturday, December 25, 2010

ပုတီးတကုံး


ကွန်မြူနစ်တယောက်
ခေါင်းအုံးအောက်ကို
ဘယ်ကဘယ်လို ခြေထောက်ပေါက်လို့
ပုတီးတကုံး ရောက်လာပါလိမ့်။

ပေါက်ပေါက်ရှာရှာ
ရောက်လာပါတဲ့
၅၂၈ ရဲ့ သင်္ကေတ
သံယောဇဉ်ရဲ့ လက္ခဏာ
မိသားစုရဲ့ ကိုယ်စားလှယ်
တသွယ်ပုတီးမှာ
မေတ္တာပါရဲ့
ကရုဏာပါရဲ့
အမေ့ရုပ်လွှာပါရဲ့
ငါ့မှာ ချို့ငဲ့နေတာတွေ
အကုန်ပဲပါလေသမို့
မတို့ရက်၊ မထိရက်
စေ့စေ့တောင် မကြည့်ရက်ပဲ
အ၀တ်အိတ်လေးထဲထည့်
ခေါင်းအုံးအောက်မှာ ထားခဲ့တာ
အတော်တောင်ကြာပြီ။

နံသာနံ့မသင်း
သနပ်ခါးနံ့ကင်းတဲ့
အဆင်း သာမည
မ၀င်းမ၀ါလှတဲ့
ပကာသနမပါ
အ၀ိညာဏက
တရာ့ရှစ်လုံးဟာ
မိဘအပေါ်မှာ
တာဝန်မကျေ
လေပွေလိုနေတဲ့
တပြေတရွာရောက်
တေလေသားတယောက်ကို
ညရောက်လေတိုင်း
အမေ့ ပရိတ်ရွတ်သံ
မေတ္တာပို့သံတွေ
ကြားစေလေတယ်ထင့်
အိပ်မက်ထဲမှာ
ယောင်မှားသာဓုခေါ်
တမ်းယော်မိကာ
ဆုတောင်းမိတာက
အမေ့အမွေ
ဆက်ခံပလေတဲ့
လူတွေထဲက တယောက်ဖြစ်
ကွန်မြူနစ်စစ်စစ် ဒီသားလည်း
အမေ့သားပီသရလိုပါ၏လို့။

(အမေ ၉၅နှစ်မြောက်မွေးနေ့ အတွက်)
ဖိုးသံ (လူထု)

Friday, December 24, 2010

Friday, December 17, 2010

မှတ်ကျောက်တင်ခန်း

အခြေအနေ အချိန်အခါမှာ
နေသာတခါ၊ မိုးရွာတလှည့်ရှိမယ်။

ရဲရင် တိုက်ကြစမ်းကိုယ့်လူ
ရဲသူအတွက် အောင်ပွဲဘဲ
ငရဲဆိုတာမရှိဘူး။

ပဒေသာပင်မြေကမပေါက်နိုင်
ထိုင်ဆုတောင်းနေယုံမပြီးသေးလေ
မိုးကျရွှေကိုယ်တွေလည်းမရှိတဲ့ကမ္ဘာ
အကြောင်းရာတွေဟာလုပ်မှဖြစ်တဲ့အတွက်
အနီးကပ်စောင့်ကြည့်ယုံနဲ့မပြီး
လုံချည်ခြုံထဲက လက်သီး
အချည်းအနှီးသာဖြစ်တယ်။

သိက္ခာ၊ အာဏာ၊ ရာထူးတွေငဲ့နေလား
မှင်တက်နေတာလား၊ ကြောင်နေသလား
ဝေဝါးဝါးအတွေးအခေါ်ချော်ချော်
တော်လှန်ရေးမလုပ်စေချင်
“သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး”
ဒီကန္တာ၊ဒီခရီး၊ ဒီမီး
အသည်းကြီးကြီး၊ ဇွဲကြီးကြီး
ရင်းနှီးမှဖြစ်နိုင်တယ်။

ဝါးလုံးခေါင်းထဲ “လ”မသာဘူး
ပခုံးပြောင်းတာဝန်တွေယူ
နှလုံးကောင်းသူတွေလာကြပြီ
ကိုးဒီသွေးတွေနီရဲစွာ
ထော့မဲပါမြေးတွေအမှန်ပင်မို့
မှတ်ကျောက်တင်ခံဖို့လိုနေပြီ။
(လင်္ကာဒီပ)
နိုဝင်ဘာ ၁၁၊ ၂၀၁၀
မှတ်ချက်-လင်္ကာဒီပသည် ကေအိုင်စီ၏ ပင်တိုင်ကဗျာရေးသားသူတစ်ဦးဖြစ်သည်။

Wednesday, October 13, 2010

သန်းခေါင်ယံသက်တံ့

(၁၉ ဇူလိုင်လ ၁၉၄၇)
ခန္ဓတွေအလဲလဲ အဲဒီနေ့ မှာပဲ
အလင်းရောင်ဟာ သန်းခေါင်ဖြစ်သွားလေရဲ့ ။
တို့ များနိုင်ငံတောင် တေးတေးတဲတဲလေး
သူတို့ ရဲ့  တိုးညှင်းသံသဲ့သဲ့က
မလဲစေနဲ့  ရှေ့ ဆက်....ရှေ့ ဆက်...
တို့ အလံကိုထူ ကျောပေါ်ကထမ်းပိုးကိုခါချ။

ကမ္ဘာကြီးသည် ငြိမ်သက်သွားသည်
သူတို့ ခမျာ သွေးပွက်တွေထဲ
တို့ များက မျက်ရည်မစဲ။

ဟေ့...ကြည့်လိုက်စမ်း....တယောက်ကအော်
သက်တံ့....သန်းခေါင်ယံသက်တံ့၊

လဲနေတဲ့ ခန္ဓာတွေထဲက အမှောင်ကိုအန်တုဖို့ 
သူတို့ ရဲ့  မွန်မြတ်စိတ်ထားတွေ
လင်းဖြာဝေနေပါကလား။
(အာဇာနည်မျာကို ဦးညွတ်လျှက်.....)

မိုးဟိန်း