Wednesday, June 20, 2012

ဒေါင်းကတဲ့နေ့


    ဘယ်တောမှာနေနေ
    ဘယ်ရေကိုပြောင်းပြောင်း
    အရေးအကြောင်းဆို
    သွေးမပြောင်းပါဘူး
    ရှေးဒေါင်းတို့ရဲ့ သမိုင်းအစဉ်။
    တိုင်းပြည်နဲ့ လူမျိုး
    ပြည်သူ့အကျိုးဆို
    အကြောင်းမရွေး
    ဒေါင်းသွေးနီရဲရဲခွပ်
    ညီညွတ်ခဲ့ ရာဇဝင်။
    ပြည်သူတွေနဲ့ ထာဝရမခွဲ
    ပြည်သူထဲ အတူနေ
    အပူဝေ အတူမျှ
    ဒုက္ခအထွေထွေက လွတ်ကြောင်း
    ခွပ်ဒေါင်းဟေ့ မာန်ဝင်
    ရန်မြင်သမျှ ရင်ဆိုင်တွေ့။
    စမ်းကလေးတွေ အေး
    ပန်းကလေးတွေ မွှေး
    ငှက်ကလေးတွေ တေးဆို
    ငြိမ်းချမ်းရေးကို သူတို့ကြိုတော့
    မြိုင်ယံညို...ဟိုး...ရိုးအခြေ က
    အိုးဝေ...အိုးဝေ...
    မင်္ဂလာသံအပေါင်း...ခ... ရအောင်
    ဒေါင်းကတဲ့နေ့။   ။
    ဧရာဝတီအတွက်ဆိုရင်တော့
    မြစ်ကောဆိုတဲ့ကဗျာလေးကို ပေးဖြစ်မှာ
မြစ်ကော
    မြစ်မကောအောင်လို့
    သစ်တောတို့ စိမ်းရပေမည်။
    ရေဝေတောတွေ ဆိုင်းစို့စို့
    မှိုင်းညို့ညို့မှုန်ရီ...
    ချင်းတွင်းနဲ့ ဧရာဝတီ
    ရေပြာကြည်သမျှ
    ''မြန်မာ့ သွေး''...ဟေ့...။
    တစ်တောလုံးပြောင်
    တစ်တောင်လုံးလင်း
    မြစ်ကျဉ်းကာ သောင်တွေပေါ်တော့
    နောင်အရှည်မမျှော်
    ''မြန်မာ'' ပျောက်အောင်
    ကိုယ့်သွေးကို
    ကိုယ်ပြန်သောက်ပြီလား
    စိုးကြောက်ဖွယ်အဖြစ်သဘော
    မြစ်ကောတဲ့နေ့...။   ။

Monday, February 7, 2011

`ပြည်ထောင်စု´

သေခြင်းနဲ့ ရှင်ခြင်း
ခပ်ပါးပါးမျဉ်းတစ်ဖတ်မှာ
သေရုံနှင့် ပြီးလိုက်ကြမတဲ့ လား ။
ပျံရင်းနဲ့ သာသေလိုတဲ့ ဆန္ဒရှိပေမဲ့ 
ပန်းတိုင်မရေက်ခင်တောင်ပံခတ်မပြတ်ချင်။

ခွဲရမှကျေနပ်ကြမယ်ဆိုရင်
အိန္ဒိယမြေပုံကိုငါ့ရင်ဘတ်ပေါ်တင်ပြီး
ဓားထက်ထက်နဲ့ ထက်ခြမ်းသာခွဲလိုက်ကြပေရော
့ကျူးရင့်တဲ့ မဟတ္တမဂန္ဒီကြီးစကား
ကမ္ဘာတုန်အောင်ကြားခဲ့ ရပေမဲ့ 
အိန္ဒိယနဲ့ ပါကစ္စတန်
နေရှုးနဲ့ ဂျင်းနား
တစ်ကနေနှစ်ဖြစ်သွားတာလား
တစ်ကနေတစ်ဝက်ဖြစ်သွားတာလား
စဉ်းစား။

သေရုံနှင့်ပြီးလိုက်ကြစတမ်းဆို
ဂန္ဒီဆိုတာကမ္ဘာမှာမရှိ၊
အောင်ဆန်းဆိုတာကမ္ဘာမှာမရှိ၊
......................ကမ္ဘာမှာမရှိ၊
......................ကမ္ဘာမှာမရှိ၊
......................ကမ္ဘာမှာမရှိ။

                  ကိုမျိုး(မြန်မာစာ)
၂၀၁၁ ဖေဖေါ်ဝါရီလထုတ် ရတီမဂ္ဂဇင်း...မှ

(http://arrluelay.blogspot.com မှ ရယူပါသည်။)

Saturday, December 25, 2010

ပုတီးတကုံး


ကွန်မြူနစ်တယောက်
ခေါင်းအုံးအောက်ကို
ဘယ်ကဘယ်လို ခြေထောက်ပေါက်လို့
ပုတီးတကုံး ရောက်လာပါလိမ့်။

ပေါက်ပေါက်ရှာရှာ
ရောက်လာပါတဲ့
၅၂၈ ရဲ့ သင်္ကေတ
သံယောဇဉ်ရဲ့ လက္ခဏာ
မိသားစုရဲ့ ကိုယ်စားလှယ်
တသွယ်ပုတီးမှာ
မေတ္တာပါရဲ့
ကရုဏာပါရဲ့
အမေ့ရုပ်လွှာပါရဲ့
ငါ့မှာ ချို့ငဲ့နေတာတွေ
အကုန်ပဲပါလေသမို့
မတို့ရက်၊ မထိရက်
စေ့စေ့တောင် မကြည့်ရက်ပဲ
အ၀တ်အိတ်လေးထဲထည့်
ခေါင်းအုံးအောက်မှာ ထားခဲ့တာ
အတော်တောင်ကြာပြီ။

နံသာနံ့မသင်း
သနပ်ခါးနံ့ကင်းတဲ့
အဆင်း သာမည
မ၀င်းမ၀ါလှတဲ့
ပကာသနမပါ
အ၀ိညာဏက
တရာ့ရှစ်လုံးဟာ
မိဘအပေါ်မှာ
တာဝန်မကျေ
လေပွေလိုနေတဲ့
တပြေတရွာရောက်
တေလေသားတယောက်ကို
ညရောက်လေတိုင်း
အမေ့ ပရိတ်ရွတ်သံ
မေတ္တာပို့သံတွေ
ကြားစေလေတယ်ထင့်
အိပ်မက်ထဲမှာ
ယောင်မှားသာဓုခေါ်
တမ်းယော်မိကာ
ဆုတောင်းမိတာက
အမေ့အမွေ
ဆက်ခံပလေတဲ့
လူတွေထဲက တယောက်ဖြစ်
ကွန်မြူနစ်စစ်စစ် ဒီသားလည်း
အမေ့သားပီသရလိုပါ၏လို့။

(အမေ ၉၅နှစ်မြောက်မွေးနေ့ အတွက်)
ဖိုးသံ (လူထု)

Friday, December 24, 2010

Friday, December 17, 2010

မှတ်ကျောက်တင်ခန်း

အခြေအနေ အချိန်အခါမှာ
နေသာတခါ၊ မိုးရွာတလှည့်ရှိမယ်။

ရဲရင် တိုက်ကြစမ်းကိုယ့်လူ
ရဲသူအတွက် အောင်ပွဲဘဲ
ငရဲဆိုတာမရှိဘူး။

ပဒေသာပင်မြေကမပေါက်နိုင်
ထိုင်ဆုတောင်းနေယုံမပြီးသေးလေ
မိုးကျရွှေကိုယ်တွေလည်းမရှိတဲ့ကမ္ဘာ
အကြောင်းရာတွေဟာလုပ်မှဖြစ်တဲ့အတွက်
အနီးကပ်စောင့်ကြည့်ယုံနဲ့မပြီး
လုံချည်ခြုံထဲက လက်သီး
အချည်းအနှီးသာဖြစ်တယ်။

သိက္ခာ၊ အာဏာ၊ ရာထူးတွေငဲ့နေလား
မှင်တက်နေတာလား၊ ကြောင်နေသလား
ဝေဝါးဝါးအတွေးအခေါ်ချော်ချော်
တော်လှန်ရေးမလုပ်စေချင်
“သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး”
ဒီကန္တာ၊ဒီခရီး၊ ဒီမီး
အသည်းကြီးကြီး၊ ဇွဲကြီးကြီး
ရင်းနှီးမှဖြစ်နိုင်တယ်။

ဝါးလုံးခေါင်းထဲ “လ”မသာဘူး
ပခုံးပြောင်းတာဝန်တွေယူ
နှလုံးကောင်းသူတွေလာကြပြီ
ကိုးဒီသွေးတွေနီရဲစွာ
ထော့မဲပါမြေးတွေအမှန်ပင်မို့
မှတ်ကျောက်တင်ခံဖို့လိုနေပြီ။
(လင်္ကာဒီပ)
နိုဝင်ဘာ ၁၁၊ ၂၀၁၀
မှတ်ချက်-လင်္ကာဒီပသည် ကေအိုင်စီ၏ ပင်တိုင်ကဗျာရေးသားသူတစ်ဦးဖြစ်သည်။

Wednesday, October 13, 2010

သန်းခေါင်ယံသက်တံ့

(၁၉ ဇူလိုင်လ ၁၉၄၇)
ခန္ဓတွေအလဲလဲ အဲဒီနေ့ မှာပဲ
အလင်းရောင်ဟာ သန်းခေါင်ဖြစ်သွားလေရဲ့ ။
တို့ များနိုင်ငံတောင် တေးတေးတဲတဲလေး
သူတို့ ရဲ့  တိုးညှင်းသံသဲ့သဲ့က
မလဲစေနဲ့  ရှေ့ ဆက်....ရှေ့ ဆက်...
တို့ အလံကိုထူ ကျောပေါ်ကထမ်းပိုးကိုခါချ။

ကမ္ဘာကြီးသည် ငြိမ်သက်သွားသည်
သူတို့ ခမျာ သွေးပွက်တွေထဲ
တို့ များက မျက်ရည်မစဲ။

ဟေ့...ကြည့်လိုက်စမ်း....တယောက်ကအော်
သက်တံ့....သန်းခေါင်ယံသက်တံ့၊

လဲနေတဲ့ ခန္ဓာတွေထဲက အမှောင်ကိုအန်တုဖို့ 
သူတို့ ရဲ့  မွန်မြတ်စိတ်ထားတွေ
လင်းဖြာဝေနေပါကလား။
(အာဇာနည်မျာကို ဦးညွတ်လျှက်.....)

မိုးဟိန်း